ပျော်ပျော်နေတတ်တဲ့ ကောင်မလေးတွေမှာ ရှိနေတဲ့ အားသာချက်နဲ့ သဘောထားလေးများ

တစ်ဘဝလုံး ပျော်နေတဲ့ သူဆိုတာ မရှိပေမဲ့ ကြည့်လိုက် မိတဲ့ အချိန်တိုင်းမှာ ပျော်နေတတ်တဲ့ ကောင်မလေးတွေတော့ ရှိပါတယ်။ ရယ်မော စရာလေးတွေ ပြောတတ် သလို ဟာသတွေ လည်း နှစ်ခြိုက်တတ်တဲ့ သူတို့လေးတွေ ကတော့ အမြဲ ရယ်ရယ်မောမော နဲ့ ပေါ့ပါးလန်းဆန်းစွာ ရှိနေတတ် တာပါ။ဒီလို ပျော်ပျော်နေတတ်တဲ့ ကောင်မလေးတွေက ဘာကြောင့် အခုလို ပေါ့ပါးလန်းဆန်းနေရလဲဆိုတာ အချက်လေးတွေတော့ ရှိလို့ နေပါတယ်။

(၁) ပျော်စရာတွေကို သဘောကျတယ်
ဒီကောင်မလေးတွေက ပျော်စရာတွေကို ဖန်တီး ရတာလည်း သဘောကျတတ် သလို ပျော်ရွှင်အောင်လည်း နေတတ်ကြ ပါတယ်။ ပျော်စရာကောင်းတဲ့ Event တွေ ပွဲတွေ ကိုလည်း ပါဝင် တတ်ကြ ပါတယ်ပျော်ရွှင်ရတာက လူကို လန်းဆန်း သွားစေ တယ်လို့ ခံစား ရလို့ ပျော်ရွှင် ရတာတွေကို ခံစားရတာ သဘောကျ ပါတယ်။ ဘာမှ လုပ်စရာ မရှိတောင် ဟာသလေးတွေ ကြည့်တတ်ပြီး သူငယ်ချင်းတွေကို စနောက်နေတတ် သူတွေလည်း ဖြစ်ပါ တယ်။

(၂) လူတွေနဲ့ အတူရှိရတာကို ပျော်တယ်
လူတွေကြားထဲကို ရောက်သွားတဲ့ အခါ သူတို့က လွတ်လပ် တယ်လို့လည်း ခံစားကြ ရတတ် ပါတယ်။ လူတွေရဲ့ အမြင်တွေ ဘာတွေလည်း သိပ်မတွေးပဲ လူတွေကို ကြည့်ရုံနဲ့ ပျော်နေတတ် ကြပါတယ်။ပွဲဈေးတွေ ပွဲတော်တွေကို သွားရ တာလည်း သဘောကျ တတ်ပြီး လူအုပ်ထဲ တိုးဝှေ့သွား ရတာကို သဘောခွေ့နေတတ်ကြ ပါတယ်။ ဒါကြောင့် အရမ်းပျင်းနေ ရင်တောင် တစ်ယောက်တည်း နေဖို့ထက် လူတွေကို ကြည့်နေ ရတဲ့ နေရာမျိုးကို သွားနေ ရတာ မျိုးလည်း လုပ်တတ်ကြ ပါသေးတယ်။

(၃) သူငယ်ချင်းတွေက အသက်ပဲ
သူတို့ရဲ့ စိတ်ထဲ အမြဲ ရှိတတ် တာကတော့ သူငယ်ချင်းတွေ ပါပဲ။ သူငယ်ချင်းတွေက သူတို့ပျော်ရွှင်ရခြင်း အကြောင်းအရင်းတွေလည်း ဖြစ်လို့ နေ ပါတယ်။သူငယ်ချင်းတွေ ရှိနေ တာကို ကံကောင်းမှု တစ်ခုလို့ လက်ခံထားသလို ပျော်ပျော်ပါးပါး စကားပြောဆိုလို့ရတာကိုလည်း သဘောကျ ကျေနပ်နေကြသူတွေလည်း ဖြစ်ပါတယ်။သူငယ်ချင်းတွေသာ အနားမှာ မရှိဘူးဆိုရင် သူတို့က ပျော်ရမှာကိုလည်း ပျင်းသွားတတ်ကြပါသေးတယ်။ သူငယ်ချင်းတွေက သူတို့အတွက် အဲ့လောက် အထိ အရေးပါနေ တတ်ကြ ပါတယ်။

(၄) စိတ်ဖိစီးမှု လျော့နည်းတယ်
သေချာတာ ကတော့ သူတို့တွေက ပျော်နေတတ် တာကြောင့် စိတ်ညစ်တဲ့ အချိန်က နည်းပါတယ်။ စိတ်ညစ်နေတယ် ဆိုရင်တောင် သူတို့က ပျော်စရာတွေ ကိုသာ တွေးလိုက်ပြီး တစ်ခြား တစ်ခုခုကို အာရုံပြောင်းလိုက်ကြတာ များပါ တယ်။ဒါကြောင့် သူတို့မှာ စိတ်ဖိစီးနေတယ် ဆိုတဲ့ အခြေအနေမျိုး နည်းပါတယ်။ သူတို့က ပင်ပန်းပြီး စိတ်ညစ်နေရင်တောင် စိတ်ဖိစီးမှု နည်းနည်းပဲ ရတဲ့သူတွေ ဖြစ်နေတာကြောင့် ပျော်ပျော်နေ တတ်ခြင်းရဲ့ ကောင်းကျိုး ပဲလို့ ဆိုရမှာပါ။

(၅) ပျော်စရာတွေက ဝမ်းနည်းချိန်အတွက် အမှတ်တရ ဖြစ်တယ်
ပျော်နေတတ်တဲ့ ကောင်မလေးမှာ ပျော်စရာ အမှတ်တရတွေ များမှာက ထုံးစံပါပဲ။ သူငယ်ချင်းတွေနဲ့ အမှတ်တရတွေ အပြင် တခြား စတာနောက် တာတွေ ကနေပါ သူတို့အတွက်က အမှတ်ရ စရာတွေက အများကြီးဖြစ်နေ သလို သူငယ်ချင်းတွေ ကလည်း သူတို့ကြောင့် အမှတ်တရတွေ ရှိနေတာပါ။ဒါကြောင့် သူတို့က ဝမ်းနည်းတဲ့ အချိန် ရှိရင်တောင် သတိရစရာမှာ ပျော်စရာတွေ များတဲ့အတွက် သူတို့ကို ဝမ်းနည်း စရာတွေက အလွန်အကျွံ ဖိစီးမှုတွေ မဖြစ်စေ ပါဘူး။ ဒါမို့ သူတို့လေးတွေက ပျော်နေတတ်လို့သာ အားသာချက်တွေ ပိုင်ထား ရတယ် လို့လည်း ဆိုရ မှာပါ။

Credit to Original Writer