ပထမဆုံးအချစ်ထက် ဒုတိယမြောက်အချစ်က ပိုကာင်းမွန်ကြောင်း သက်သေပြနေတဲ့ အချက်များ

အချစ်ဦး ဒါမှမဟုတ် ပထမအချစ်ကတော့ လူတစ်ယောက်ရဲ့ ပထမဆုံးအချစ်ကို အပိုင်သိမ်းခွင့်ရတယ်ဆိုတာမှန်ပေမယ့် တကယ်တမ်းမှာ အချစ်ရဲ့ အဓိပ္ပါယ်ကို နားလည်ဖို့ခက်ခဲတဲ့ အချစ်ဖြစ်ပါတယ်။ ပထမဆုံးအချစ်က မသေချာမရေရာတဲ့ အချစ်တွေကို ဖွင့်ဖောက်မိတဲ့ အခိုက်အတန့်ဖြစ်ပြီးတော့ ဒုတိယမြောက်အချစ်ကတော့ အချစ်ကိုသေချာသိရှိသွားတော့မှ တွေ့ရှိတဲ့အချစ်ဖြစ်ပါတယ်တဲ့။ ဒါကြောင့် ဒုတိယမြောက်အချစ်ဟာ ပထမအချစ်ထက် အများကြီးကောင်းမွန်ကြောင်း ဒီအချက်တွေက သက်သေပြနေပါတယ်။

အချစ်အကြောင်းကောင်းကောင်းနားလည်သွားပြီ
အရင်တုန်းကတော့ အချစ်ဆိုတာကို သေချာနားမလည်ပဲ ချစ်မိလိုက်တော့ သူမုန်းသွားမှာ ကြောက်တာ၊ လမ်းခွဲသွားမှာ ကြောက်တာတွေ၊ ပြသနာဖြစ်ရင် အကြီးအကျယ် စိတ်ညစ်ရတာ၊ ဝမ်းနည်းရတာ၊ ငိုရတာ စသဖြင့်ပေါ့လေ။ ခုတော့ အချစ်ဆိုတာကြီးကို ကောင်းကောင်းနားလည်ပြီး အချစ်ဆိုတာ ပေးဆပ်ခြင်းသက်သက်မဟုတ်ဘူး ဆိုတာတွေကို ကောင်းကောင်းနားလည်တဲ့ သူတစ်ယောက်ဖြစ်နေပါပြီနော်။

အသည်းကွဲခြင်းအကြောင်း ခံစားဖူးသွားပြီ
အရင်ကတော့ တစ်ခါမှမကွဲဖူးတဲ့ အသည်းလေး ကွဲမှာကြောက်လို့ သူကိုယ့်ကိုယ်ထားခဲ့မှာ ကြောက်လို့ အတင်းဖက်တွယ်ထားမိတဲ့ အခိုက်အတန့်တွေဟာ ခုချိ်န်မှာတော့ အားလုံးပြီးဆုံး သွားခဲ့ပါပြီ။ အသည်းကွဲတဲ့ ခံစားချက်ကိုလည်း ကောင်းကောင်းခံစားဖူးပြီဖြစ်ပြီးတော့ နောက်ထပ်ကိုယ့်အတွက် မှန်ကန်တဲ့သူကိုလည်း ရွေးချယ်တတ်သွားပါပြီနော်။ လူတွေအကြောင်းလည်း ပိုနားလည်သွားသလို အချစ်အကြောင်းကိုလည်း ကြေညက်ထားသူတစ်ယောက်ဖြစ်နေပြီမို့ ကိုယ်နဲ့ သင့်တော်တဲ့လူကိုလည်း ကောင်းကောင်းရွေးချယ်တတ်သွားပါပြီ။

အရင်တုန်းကလို တူညီတဲ့ အမှားမျိုး ထပ်မလုပ်မိတော့ဘူး

ပထမအချစ်က အချစ်အကြောင်းကို သေချာနားမလည်သေးတော့ အမှားတွေနဲ့ သင်ခန်းစာယူစရာတွေများတဲ့ အချစ်မျိုး ဖြစ်တတ်ပါတယ်။ ဒုတိယအချစ်ကတော့ ပထမအချစ်က ရခဲ့တဲ့ သင်ခန်းစာတွေ၊ အမှားတွေကို ပြန်အသုံးချရင်း ကောင်းမွန်တဲ့ အချစ်တစ်ခု ဖြစ်လာစေပါတယ်။

မှန်ကန်တဲ့ လူကို ရွေးချယ်တတ်သွားပြီ
ပထမအချစ်မှာ လူရွေးမှန်ကန်တယ်ဆိုတာက တော်တော်လေးရှားပါတယ်။ ပထမဆုံးအချစ်ကို မကြုံဖူးသေးတဲ့ အချိန်မှာ အဲဒီ့လူကို တကယ်ချစ်ရဲ့လားလို့ ကိုယ့်ကိုယ်ကို သေချာမမေးကြည့်ပဲ ချစ်လိုက်ကြတာတွေလည်း ရှိတတ်ပါတယ်။ ဒါပေမယ့် ဒုတိယမြောက်အချစ်ကတော့ ထင်ထားတာထက် မှန်ကန်တဲ့ ရွေးချယ်မှုကို ပြုလုပ်နိုင်ကြပါတယ်။ ကိုယ်မကြိုက်တဲ့ အကျင့်စရိုက်တွေကို ပိုနားလည်လာပြီးတော့ ဒီလူဟာ ငါ့အတွက် မှန်ကန်တဲ့ လူပဲဆိုတာ သေချာမှ ချစ်တတ်ကြတဲ့ အတွက် အချစ်ရေးက ပိုအဆင်ပြေတတ်ကြပါတယ်။

Credit Aunty May