Covid -19 ကူးစက်ခံရတဲ့ အဘွားဖြစ်သူကို Mouth-To-Mouth ဖြင့် အသက်ပြန်ရှုအောင်ကြိုးစားခဲ့တဲ့ မြေးရဲ့အဖြစ်

အချို့သောသူတွေဟာ အဘိုး၊ အဘွားတွေနဲ့သာကြီးပြင်းလာခဲ့ရလို့ ၎င်းတို့အတွက် အဘိုးအဘွားတွေဟာ မိဘတစ်ဖွယ်ချစ်မြတ်နိုးတန်ဖိုးထားနေရတာပါ ။ မကြာသေးခင်က online ပေါ်မှာ ပျံ့နှံ့နေခဲ့တဲ့ ဓာတ်ပုံလေးရဲ့နောက်ကွယ်က မြေးအဘွားရဲ့အဖြစ်ဟာလည်း အတော်လေးရင်ကွဲနာကျရလောက်တဲ့အထိ မြင်တွေ့နေရသူတွေကိုခံစားရစေမှာပါ ။ ထို့အပြင် အဆိုပါဓာတ်ပုံလေးထဲမှ မြေးဖြစ်သူဟာ သူ၏အဘွားကို မည်မျှချစ်မြတ်နိုးကြောင်း စားဖွဲ့ပြီးပြောဆိုရင်တောင် မမှီပါဘူး ။ ဖြစ်စဉ်ကတော့ မက်စီကိုမြို့ရဲ့ General Hospital ဆိုတဲ့ဆေးရုံရဲ့ ကားပါကင်တစ်နေရာမှာ အမျိုးသားတစ်ဦးဟာ Covid -19 ကူးစက်ခံထားရတဲ့ အဘွားဖြစ်သူကို ဆေးရုံတက်ရောက်ကုသနိုင်ပြင်ဆင်နေခဲ့တာပါ ။ ထို့နောက် အဘွားဖြစ်သူကို ကားထဲမှာစောင့်ခိုင်ခဲ့ပြီးနောက် ဆေးရုံအတွင်းသို့ပြေးဝင်ခဲ့ပြီး ကားဆီသို့ပြန်လာချိန်မှာတော့ မမျှော်လင့်ထားခဲ့တဲ့အခြေအနေပုံစံနဲ့ အဘွားဖြစ်သူကိုမြင်တွေ့ခဲ့ပါတော့တယ် ။

အဲဒါကတော့ အဘွားဖြစ်သူဟာ အသက်မရှုတော့သလို ဘာတုံ့ပြန်မှုမျိုးမှမရှိတော့လို့ အဆိုပါအမျိုးသားဟာ ရောဂါကူးစက်ခံရမှာကိုမကြောက်တော့ဘဲ ချက်ချင်းအဘွားဖြစ်သူကိုကယ်နိုင်ဖို့ mouth-to-mouth ဖြင့် အဘွားဖြစ်သူ သတိပြန်လည်လာအောင်ကြိုးစားခဲ့ပါတယ် ။ သို့ပေမဲ့လည်း အဘွားဖြစ်သူဆီကနေ မည်သည့်တုံ့ပြန်မှုမျိုးကိုမှ ပြန်မရခဲ့ပါဘူး ။

ကံဆိုးစွာနဲ့ပဲ ဆရာဝန်သူတွေ အဆိုပါနေရာသို့ ရောက်ရှိလာခဲ့ချိန်မှာတော့ အဘွားဖြစ်သူဟာ Covid-19 ရောဂါကြောင့် သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း အတည်ပြုပေးခဲ့ပါတယ် ။ အဆိုပါဓာတ်ပုံတွေကိုတော့ နာမည်ကြီး ဓာတ်ပုံဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့ Moise’s Pablo က ရိုက်ကူးခဲ့တာပါ ။ မြေးဖြစ်သူကတော့ Covid-19 ကူးစက်ခံထားရတယ်ဆိုပြီး တိကျသေချာတဲ့သတင်းမျိုးတော့ လက်ခံရရှိခြင်းမျိုးမရှိသေးပါဘူး ။
Source: worldofbuzz