အထီးကျန်ဆန်တယ်လို့ ထင်ရပေမယ့် ရည်းစားမထားခြင်းရဲ့ အံ့မခန်းကောင်းကျိုး (၅) ခု

ကြိုက်မယ့်လူမရှိလို့ single ဖြစ်နေတာထက် ကြိုက်မယ့်လူ ရှိရှိမရှိရှိ၊ ရှိရှိ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် အချစ်ရေးကနေ ခဏလောက်တော့ အနားယူပြီး single အဖြစ် နေသင့်ပါတယ်။ Single အဖြစ်နေခြင်းဟာ အများအမြင်မှာ အထီးကျန်ဆန်လှတယ်လို့ ထင်ရပေမယ့်လို့ တကယ်တမ်း ကောင်းကျိုးတွေအများကြီးရှိနေပါတယ်။ အဲဒီအထဲက (၅) ချက်ကတော့..

(၁) အချိန်တိုင်းဟာ ကိုယ့်အပိုင်ပါပဲ

ကိုယ်ကအေးအေးဆေးဆေးလည်း နားနေချင်ပေမယ့် တစ်ဖက်က ရစ်ကြောထနေတာမျိုးပေါ့။ Single ဘဝမှာတော့ ကိုယ့်ရဲ့အချိန် ၂၄ နာရီမှာ ၂၄ နာရီလုံးက ကိုယ့်အပိုင်ပေးပဲမလို့ ဘယ်သူ့ကိုမှလည်း ဘာလုပ်မယ်လို့ report တင်စရာမလိုဘဲ နေချင်သလိုနေနိုင်ပါပြီ။ လုပ်ချင်တာ လုပ်နိုင်ပါပြီ။

(၂) ဘာလုပ်လုပ်တင့်တယ်
ဘယ်သူနဲ့အပြင်သွားမလဲ၊ ဘယ်သူနဲ့စကားပြောမလဲ ဘယ်သူ့မျက်နှာမှ ကြည့်နေစရာမလိုတော့ဘူးလေ။

(၃) ဘာလဲလုပ်လုပ်မြန်မြန်တိုးတက်နိုင်ချေရှိတယ်
ချစ်သူရှိနေရင် တာဝန်အရ ဖုန်းပြောရမယ်၊ တွေ့ရမယ်၊ chat ရမယ်။ ကိုယ်က အလုပ်လုပ်ချင်တယ်၊ စာလုပ်ချင်တယ် ဆိုပေမယ့် ကိုယ့်ရဲ့အချိန်တစ်ဝက်လောက်ကို သူကပိုင်ချင်နေတာကြောင့် single တွေလောက် အာရုံစိုက်မှု အားမကောင်းတတ်ကြပါဘူး။ ဒီကြားထဲ ရန်ဖြစ်ထားရင် စိတ်ဆင်းရဲပြီး အိပ်ယာထဲပဲ ခွေနေချင်သေးတယ်မလား။

(၄) ပိုက်ဆံမကုန်ဘူး
မိန်းကလေးပဲဖြစ်စေဦး ချစ်သူနဲ့ ဒိတ်ပြီဆိုကတည်းက ပိုက်ဆံကတော့ ကုန်မှာပါပဲ။ နောက်ပြီး လက်ဆောင်လေးတွေကလည်း ဝယ်ပေးချင်သေးပြန်တော့ ချစ်သူရှိရင် ဒီလိုအပိုတွေကကုန်မှောလေ။ Single ဖြစ်တဲ့အခါကျ ပိုက်ဆံပိုကျန်တာပေါ့။

(၅) စိတ်မရှုပ်ရတော့ဘူး
ချစ်သူဘဝဆိုတာကတော့ အမြဲတမ်းပျော်နေ၊ ကြည်နူးနေတာမှမဟုတ်တာ။ ကိုယ်က စိတ်အခန့်မသင့်ရင်လည်း ရန်ဖြစ်မယ်၊ သူဖက်က ပြဿနာရှာ ချုပ်ချယ်တာမျိုးဆိုရင်လည်း စိတ်ကညစ်ရပြန်ဦးမယ်။ ကိုယ့်ထမင်းကိုယ်စားပြီး သူများအတွက် စိတ်အပင်ပမ်းခံရမယ့် အဖြစ်မျိုး မရှိတော့ဘူးပေါ့။

Credit Aunty May