လူတိုင်း မသိသေးတဲ့ အရက်ပြန် အသုံးပြုနည်း လျို့ဝှက်ချက်များ

အရက်ပြန်က အိမ်တိုင်းရဲ့ ဆေးသေတ္တာထဲမှာ ထားထားသင့်တဲ့ ပစ္စည်းပါ။ သူက ပိုးသတ်တာ၊ ချွေးပေါက်ကျဉ်းတာ၊ လင်နမင်လိုမျိုး အသုံးဝင်တာ၊ ပစ္စည်း မျက်နှာပြင်ပေါ်က ပိုးတွေကို သေစေတာတွေအတွက် ထိထိရောက်ရောက် အသုံးဝင်ပါတယ်။သူက အခြေခံအားဖြင့် ပျော်ဝင်ပစ္စည်းဖြစ်တဲ့အတွက် ဖုန်မှုန်နဲ့ အဆီတွေကိုလည်း ပျော်ဝင်စေနိုင်ပါတယ်။ Isopropyl alcohol ၇၀ ရာခိုင်နှုန်းနဲ့ ရေ ၃၀ ရာခိုင်နှုန်း ရောစပ်ထားပြီး ဆေးရုံသုံးပစ္စည်းအပြင် အိမ်သုံးပစ္စည်းအဖြစ်လည်း အောက်ပါတို့အတွက် အသုံးပြုနိုင်ပါတယ်။

Swimmer Ear ကို ကာကွယ်ပေးခြင်း
အတွင်းနားထဲကို ရေဝင်တဲ့အခါမှာ ရေပြန်ထွက်အောင် လုပ်ဖို့အတွက် ခက်ခဲနိုင်တာကြောင့် နားထဲကို ရောဂါပိုးတွေ ဝင်ရောက်နိုင်ခြေများကာ Swimmer Ear (နားပြည်တည်)ဖြစ်လာပါတယ်။ ဒီလိုမဖြစ်အောင် အရက်ပြန်က ကာကွယ် ပေးနိုင်ပါတယ်။ အရက်ပြန်က ရေထက် အငွေ့ပြန်လွယ်တာကြောင့်ပါ။ ရေဝင်တဲ့ နားထဲကို အရက်ပြန်အနည်းငယ် ထည့်ပေးလိုက်ရင် ရေနဲ့ အရက်ပြန်ရောပြီး အငွေ့ပြန်သွားတဲ့အတွက် နားက ခြောက်သွေ့သွားပြီး ရောဂါပိုးမဝင်အောင် ကာ ကွယ်ပေးပါတယ်။ပြုလုပ်ပုံ ..ရေဝင်နေတဲ့ နားကို အပေါ်ဘက် ထားပြီး ဘေးစောင်းအိပ်ပါ။ အရက်ပြန်နဲ့ ရှလကာရည်ကို တစ်ဆစီ ရောထားတဲ့ အရည်ကို နားအစက်ချပြွန်နဲ့ နားထဲကို နှစ်စက်မှ လေးစက် ထည့်ပြီး ၁၀ မိနစ်စောင့်ပါ။ ပြီးရင် ရေထွက်အောင် နားကို တစ်ဖက်ပြန်စောင်းလိုက်ပါ။

ကုတ်ရာခြစ်ရာနှင့်ပြတ်ရှဒဏ်ရာကိုသန့်စင်နိုင်ခြင်း

အရက်ပြန်က ပိုးသတ်နိုင်တဲ့ဂုဏ်သတ္တိရှိတဲ့အတွက် ဒဏ်ရာမျက်နှာပြင်ပေါ်က ဘက်တီးရီးယားတွေ ထပ်မံပေါက်ဖွားမှုမရှိအောင် ကာကွယ်ပေးနိုင်ပြီး ရှိပြီးသား ဘက်တီးရီးယားတွေကိုလည်း သေစေနိုင်ပါတယ်။ ကျုံ့စေတဲ့ ဂုဏ်သတ္တိလည်း ရှိတဲ့အတွက် သွေးတိတ်စေနိုင်ပါတယ်။ပြုလုပ်ပုံ ..ဝါဂွမ်းအသုံးပြုပြီး ဒဏ်ရာပေါ်ကို အရက်ပြန်သုတ်လိမ်းပါ။ မိနစ် အနည်းငယ်ခန့်ထားပြီး အစိုဓာတ်လိမ်းဆေး ထပ်မံလိမ်းပေးပါ။ (အရက်ပြန်က အရေပြားခြောက်သွေ့နိုင်တဲ့အတွက် အစိုဓာတ်လိမ်းခရင်မ်ကို အသုံးပြုရပါမယ်)

ဝက်ခြံကိုကာကွယ်နိုင်ခြင်း
အရက်ပြန်ရဲ့ ရောဂါပိုးသေစေတာနဲ့ အေးစေတဲ့ ဂုဏ်သတ္တိကြောင့် ဝက်ခြံမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ မွေးညင်းပေါက်တွေကို ပိတ်ဆို့ထားတဲ့ ဖုန်မှုန့်တွေကို ဖယ်ရှားဖို့ အရက်ပြန်က ကူညီပေးနိုင်ပါတယ်။ပြုလုပ်ပုံ … ဝက်ခြံဖုပေါက်တာကို သတိထားမိမိချင်း အဖုပေါ်မှာ အရက်ပြန် တို့လိုက်ပြီး ၁၀ မိနစ်ခန့်ထားထားပါ။ ပြီးရင် ရေနွေးနဲ့ ရေဆေးကြောပြီး အစိုဓာတ် ထိန်းခရင်မ်လိမ်းပေးပါ။ တစ်နေ့ နှစ်ကြိမ် အသုံးပြုနိုင်ပါတယ်။

IVY အဆိပ်တက်ခြင်းအတွက် ကုသနိုင်ခြင်း
IVY အပင် ဒါမှမဟုတ် တခြားနွယ်ပင်တွေကြောင့် အရေပြားယားယံပြီး နီရဲလာရင် အရက်ပြန်ကို အသုံးပြုနိုင်ပါတယ်။ အရက်ပြန်က အေးစေတဲ့ ဂုဏ်သတ်္တိရှိပြီး အရေပြားပေါ်မှ ပိုးတွေ သေစေနိုင်တဲ့အတွက် တခြားရောဂါပိုး တွေ မဝင်ရောက်အောင်လည်း ကာကွယ်နိုင်ပါတယ်။ပြုလုပ်ပုံံ .. စက္ကူပေါ်မှာ အရက်ပြန်ဆွတ်ပြီး အဆိပ်မိနေတဲ့ အရေပြားပေါ်မှာ သုတ်လိုက်ပါ။ အရေပြား လုံးဝခြောက်သွေ့သွားရင် ရေနွေးဆပ်ပြာနဲ့ ဆေးကြောပါ။ နှစ်ရက်၊ သုံးရက်အထိ ပြုလုပ်ပေးနိုင်ပါတယ်။

ခြေသည်းမှိုပိုးဝင်ခြင်းအတွက်ကုသနိုင်ခြင်း
ပိုးသေစေတဲ့ ဂုဏ်သတ္တိရှိတဲ့အတွက် ခြေသည်းမှိုရောဂါအတွက်လည်း ကုသနိုင်ပါတယ်။ ခြောက်သွေ့လွယ်တဲ့အတွက် ပူနွေးစွတ်စိုတဲ့ ပတ်ဝန်းကျင်ကို နှစ်ခြိုက်ကြတဲ့ ဖန်းဂတ်စ်ပိုးတွေ ပေါက်ဖွားမှုကိုလည်း တားမြစ်ပေးနိုင်ပါတယ်။ပြုလုပ်ပုံ .. အရက်ပြန်နဲ့ ရှလကာရှည်ကို ဆတူရောထားပါ။ အဲဒီအရည်ကို ဝါဂွမ်းဆွတ်ပြီး မှိုရှိနေတဲ့ ခြေသည်းပေါ်မှာ တင်ထားပါ။ ဝါဂွမ်းနေရာမရွေ့အောင် ပတ်တီးနဲ့ ထိန်းထားပေးပါ။ မိနစ် ၃၀-၄၅ ခန့် ထားပြီး ခြေသည်းကို အမွေးနု သွားပွတ်တံနဲ့ ပွတ်တိုက်ကာ ရေဆေးချပါ။

ဦးခေါင်းမှသန်းများသေစေနိုင်ခြင်း

အရက်ပြန်က သန်းတွေကို ထိထိရောက်ရောက် သေစေနိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ပြုလုပ်ပုံ..သန်းရှိတဲ့ ဆံပင်ပေါ်ကို အရက်ပြန် အနည်းငယ် လောင်းချပါ။ ပြီးရင် သင့်လက်တွေနဲ့ ဦးခေါင်းအရေပြားနဲ့ ဆံပင်ပေါ် အရက်ပြန်တွေ နှံ့သွားအောင် ပွတ်ပေးပါ။ ၅-၁၀ မိနစ်ခန့် ထားပြီး ဆံပင်ပျော့ဆေးကို ဦးရေပြားအနှံ့ ပွတ်ပေးပါ။ ပြီးရင် ဘီးနဲ့ ဖြီးချကာ ခေါင်းလျှော်လိုက်ပါ။ တစ်ပတ် တစ်ကြိမ် ပြုလုပ်ပေးနိုင်ပါတယ်။

ခြင်ကိုက်ရာအတွက် အယားသက်သာစေခြင်း
အရက်ပြန်ဟာ ခြင်ကိုက်ဒဏ်ရာအတွက်လည်း အသုံးဝင်ပါတယ်။ ယားယံတာ၊ ရောင်ရမ်းတာနဲ့ နာကျင်မှုဝေဒနာတွေ သက်သာစေတဲ့အပြင် ခြင်ကိုက်ဖုလည်း အမြန်လျော့ကျသွားနိုင်ပါတယ်။ပြုလုပ်ပုံ – ခြင်ကိုက်ဒဏ်ရာပေါ်မှာ အရက်ပြန်နဲ့ တစ်မိနစ်ခန့် နှိပ်ပြီး ပွတ်ပါ။ ၁၀ မိနစ်ခန့်ထားပြီး ရေအေးနဲ့ ဆေးချပါ။ ပြီးရင် အစိုဓာတ်ထိန်းခရင်မ်လိမ်းပေးပါ။

ကြွက်သားနာကျင်ခြင်းအတွက်ကုသနိုင်ခြင်း

အရက်ပြန်ကို လင်နမင်လို အသုံးပြုနိုင်တဲ့အတွက် ကြွက်သားကိုက်ခဲတာ ဒါမှမဟုတ် အဆစ်နာကျင်တာတွေအတွက်လည်း အလွန်အသုံးဝင်ပါတယ်။ ဒဏ်ရာရတဲ့ကြွက်သား ဒါမှမဟုတ် အဆစ်နေရာကို သွေးလှည့်ပတ်မှုကောင်းမွန်စေတဲ့အတွက် ဝေဒနာသက်သာသွားတာပါ။ပြုလုပ်ပုံ .. နာကျင်တဲ့ ကြွက်သားပေါ်မှာ အရက်ပြန်ပွတ်လိမ်းပါ။ ၁၀ မိနစ်ခန့် စက်ဝိုင်းပုံသဏ္ဌာန်နှိပ်ပေးပြီး မျက်နှာသုတ်ပဝါနဲ့ မိနစ် ၃၀ ခန့် ပတ်ထားပေးပါ။ တစ်နေ့ကို ၂-၃ ကြိမ် ပြုလုပ်နိုင်ပါတယ်။

မင်စွန်းရာကိုဖျက်နိုင်ခြင်း

အရက်ပြန်ဟာ အဝတ် ဒါမှမဟုတ် ကော်ဇောပေါ်မှ မင်စွန်းရာတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

ပြုလုပ်ပုံ ..မင်စွန်းနေတဲ့နေရာမှ စက်္ကူနဲ့ မင်စုပ်သွားအောင် ဖိကပ်ပေးပါ။ ပြီးရင် အရက်ပြန်ဆွတ်ပေးပါ။ အရက်ပြန်ဆွတ်လိုက်၊ စက္ကူနဲ့ ဖိပြီး စုပ်ယူလိုက်နဲ့ အဝတ်မှာ မင်တွေ ကုန်စင်သွားတဲ့အထိ ပြုလုပ်ပေးပါ။ ပြီးရင် ရေအေးနဲ့ လျှော်ချလိုက်ပါ။ ကော်ဇောပေါ်မှ မင်စွန်းရာကို ဖယ်ရှားလိုရင် ဆပ်ပြာရည် နှစ်ဆ၊ အရက်ပြန် တစ်ဆ ရောစပ်ပြီး အသုံးပြုရပါမယ်။

မှန်များကိုကြည်လင်စေနိုင်ခြင်း
အရက်ပြန်ဟာ ခြောက်သွေ့နှုန်းမြန်ဆန်ပြီး စွန်းထင်းရာတွေ မကျန်နိုင်တဲ့အတွက် မှန်တွေကို ကြည်လင်စေဖို့ အသုံးပြုနိုင်ပါတယ်။ လက်ပ်တော့၊ ကီးဘုတ်နဲ့ ဖုန်းမျက်နှာပြင်တွေကိုလည်း အရက်ပြန်အသုံးပြုပြီး သန့်စင်နိုင်ပါတယ်။ပြုလုပ်ပုံ ..ရေ နှစ်ခွက်၊ အရက်ပြန် ခွက်ရဲ့ လေးပုံတစ်ပုံနဲ့ ရှလကာရည် ခွက်ရဲ့ လေးပုံတစ်ပုံတို့ ရောစပ်ထားတဲ့ အရည်ကို သင် သန့်စင်ချင်တဲ့ မှန်၊ ဖန်ခွက် အစရှိတာ တွေပေါ်မှာ ဖျန်းပြီး သတင်းစာ စက္ကူနဲ့ သုတ်ပေးပါ။

ဒေါက်တာခင်မိုးမိုး