မြေးလေးပညာတတ်ဖို့ ၁၅ မိုင်ခရီးကို နေ့စဉ် ကျောင်းလိုက်ပို့တဲ့ အဖွား

တရုတ်ပြည်က အသက် ၇၆ နှစ် အရွယ်ရှိတဲ့ အဖွားအိုဟာ သူ့မြေးကျောင်းတက်ဖို့အတွက် သူတို့ရွှာ ကနေ ၁၅ မိုင်ဝေးတဲ့ ကျောင်းကို နေ့စဉ် ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

Shi Yuying ဆိုတဲ့ အဖွားအိုဟာ နေ့စဉ် မြေးလေး ကျောင်းတက်ဖို့ ၁၅ မိုင်ရှိတဲ့ ခရီးကို ပုံမှန် အကြို အပို့လုပ်ပေးရပြီး သူနေထိုင်တဲ့ ရွာလေးက တရုတ်ပြည် တောင်ပိုင်းမှာရှိတဲ့ Guangxi ကနေ Jiang Haowen ကို သွားရတာဖြစ်ပါတယ်။ သူ့မြေးဟာ မူလတန်းဖြစ်ပြီး အသက် ၈ နှစ်ရှိပြီဖြစ်ပေမယ့် မြေးဖြစ်သူ ဟာ ဦးနှောက် အခန်းငယ် ပျက်စီးမှုကြောင့် လမ်း မလျောက်နိုင်ပဲ ဝှီးချဲနဲ့ ခေါ်သွားတာ ဖြစ်ပါတယ်။

ကျွန်မ သန်မာတယ်။ မြေးကို ပညာတတ်ဖို့ သူ့ကို ဘယ်နေရာမဆို ခေါ်သွားနိုငပါတယ်။
နေ့တိုင်း လမ်းလျောက်နေခြင်းက ကျွန်မ ကို ပိုလို့တောင် ကျန်းမာရေး ကောင်းစေတယ် …
.. သူမ က ဆိုပါတယ်။

တရက် တရက် သူမရဲ့ အသွားပြန် ခရီးကို တွက်ရင် မိုင် ၆၀ ရှိတာဖြစ်ပြီး သူမဟာ စက်ဘီးလ မစီးတတ်သူဖြစ်သလို ဆင်းရဲနွမ်းပါသူလဲဖြစ်ပါတယ်။ တောင်ကိုပတ်တဲ့ လမ်းကနေ မနားတမ်း လျောက်ခဲ့တာ သုံးနှစ်လောက်ရှိနေပြီး ဒီလမ်းကို သူနဲ့ အပြိုင် သွားလျှောက်တဲ့ သူစိမ်းဆို ရှုံးလာနိုင်ပါတယ်။

လမ်းလျှောက်ခြင်းက ကျန်းမာရေးကို ကောင်းမွန်စေသလို အစားအစာချင်စိတ် ဖြစ်ပေါ်ကာ မှတ်ဉာဏ်ကိုလည်း ကောင်းမွန်စေတာဖြစ်ပါတယ်။

ဦးနှောက်ငယ်ရဲ့ အခန်းကဏ္ဍကို တိုးတက်စေပြီး ကြွက်သားတွေကို ထိန်းချုပ်ပေးမှုစနစ် ပိုမို မြင့်မားလာတဲ့အတွက် သူမဟာ ကျန်းမာရေး ဒေါင်ဒေါင်မြည်နေတာဖြစ်ပါတယ်။ သူ့မြေးကတော့ သူနဲ့ ပြောင်းပြန်ဖြစ်ပြီး အဖျားပိုးတမျိုး ငယ်စဉ်ကဝင်ပြီး ဖျားခဲ့ရာကနေ အဲဒီ အခြေအနေကို ရောက်ရှိသွားတာဖြစ်ပါတယ်။ အမေရိကန်မှာလဲ ဖြစ်တဲ့ ရောဂါြုဖစ်ပြီး ကလေးပေါင်း ရ၆၄၀၀ ကျော် အဲဒီ ဝေဒနာ ခံစားနေရတာ ဖြစ်ပါတယ်။

နှစ်စဉ် ကမ္ဘာပေါ်က ကလေးတသ်န်းလောက်က ဒီရောဂါကို ခံစားနေရတာလို့ ကျန်းမာရေး သုတေသနအဖွဲ့က ဆိုပါတယ်။

ဒီလို အခြေအနေမျိုး ခံစားနေရတဲ့ အခါ ဝေဒနာ ဟာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာရော ပြောင်းလဲမှုမျိုး ရှိလာနိုင်ပေမယ့် ကောင်လေးကတော့ အဖွားကောင်းရတဲ့ အတွက် ကံကောင်းတယ်လို့ ဆိုပါတယ်။ ဖခင်ဖြစ်သူက မြို့တက် အလုပ်လုပ်ကာ မိသားစုကို ငွေကြေး ထောက်ပံ့ပေးနေရတာဖြစ်ပြီး ၃ ဦးစာ စားရေး၊ သောက်ရေး နဲ့ နေ့တစ်ဓူဝ စာ အတွက် သာ စဉ်းစားနေရတဲ့ ဘဝဖြစ်ပြီး မိခင်ကတော့ သူ ငယ်စဉ်ထဲက စွန့်ပစ်သွားတာဖြစ်ပါတယ်။

ကျောင်းမှာ ပြေးလွှားခုန်ပေါက် ကစားရသူတွေ အထဲမှာ မြေးလေး မပါနိုင်တာ ကိုတော့ စိတ်မကောင်းဖြစ်မိတယ် လို့ အဖွားအိုက ဆိုတယ်။

Credit:Zayyar San