ပထမဆုံးအကြိမ် ကမ်းခြေရောက်ဖူးတာမလို့ အပြုံးမပျက်နိုင်အောင် အပျော်လွန်နေတဲ့ ကြောင်လေး

ကပ်ရောဂါအခြေအနေကြောင့် အသွားအလာကန့်သတ်မှုတွေပြုလုပ်ခဲ့လို့ လူတွေရော ၊ အိမ်မွေးတိရစ္ဆာန်တွေပါ အိမ်အတွင်းမှာသာ နေထိုင်နေရပြီး စိတ်ကျဉ်းကျပ်နေခဲ့ရတာပါ ။ အခုအချိန်မှာတော့ နေရာအတော်များများ ၊ နိုင်ငံအတော်များများဟာ အသွားအလာကန့်သတ်မှုတွေဖြေလျော့လိုက်ပြီး ပုံမှန်အတိုင်လည်ပတ်နေကြပါပြီ ။ သို့ပေမဲ့လည်း လူစုလူဝေးများလွန်းတဲ့နေရာမျိုးကို ရှောင်ရှားပြီး လူအများကသွားလာနေကြပါတယ် ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံက Semsema Mahmoud အမည်ရှိတဲ့အမျိုးသားဟာ သူ့ရဲ့ကြောင်လေးကို ပထမဆုံးအကြိမ်ကမ်းခြေသို့ခေါ်သွားခဲ့ပါတယ် ။

ကြောင်လေးမှာလည်း လွတ်လပ်ပေါ့ပါးမှုတွေကို ပထမဆုံးအကြိမ်ပြန်ခံစားရတာဖြစ်လို့ နေရောင်အောက်မှာ နေပူဆာလုံရင်း အပြုံမပျက်တဲ့ရုပ်လေးနဲ့ ဓာတ်ပုံအရိုက်ခံခဲ့ပါတယ် ။ စိတ်လှုပ်ရှားပြီးစူးစမ်းလွန်းတဲ့ ကြောင်လေးဟာ သဲနုမြေလေးတွေကို ခြေဖဝါလေးနဲ့တူးဆွပြီး အပျော်ကြီးပျော်နေခဲ့တာပါ ။

ပြီးနောက် ထိုင်ခုံလေးပေါ်မှာ အားရပါးရမှီအိပ်ပစ်ပြီး ကမ်းခြေရောက်တဲ့ခံစားချက်ကိုအပြည့်အဝခံစားနေတာပါ ။ ချစ်ဖို့ကောင်းလွန်းတဲ့ ကြောင်လေးရဲ့ ပထမဆုံးအကြိမ်ကမ်းခြေရောက်တဲ့အတွေ့အကြုံကို ဝေမျှချင်လွန်းလို့ ကြောင်ပိုင်ရှင်လေးက ဓာတ်ပုံမြောက်များစွာရိုက်ပြန်လည်ဝေမျှခဲ့လို့ ကြောင်လေးဟာ အတော်လေးကို လူချစ်လူခင်များလျက်ရှိနေပါတယ် ။

Source: worldofbuzz