မြန်မာငွေနဲ့ တစ်လုံးကို တစ်သိန်းကျော်တဲ့ ကမ္ဘာ့ဈေးအကြီးဆုံး သရက်သီး

အသီးမှာသရက်ဆိုသည့်အတိုင်း သစ်သီးများတွင်သရက်သီးသည် အရသာနှင့်အရောင်အနံ့ကစွဲမက်ဖွယ်ကောင်းပါသည်။ကမ္ဘာ့သရက်သီးဇျေးကွက်တွင် ဇျေးအကြီးဆုံးသရက်သီးမျိုးမှာ ဂျပန်နိုင်ငံထွက်မီယာဇာကီသရက်သီးဖြစ်ပြီး သတ်မှတ်အလေးချိန်ရှိ အသီးတလူံးလျင်($50-$70(မြန်မာငွေတသိန်းကျော်) တန်ဖိုးရှိပါသည်။

အသီးအလေးချိန်သည် 350gmအထက်ရှိရပါမည်။ Miyazakiသရက်သီးသည် သာမန်သရက်သီးထက်၁၅%မျှပိုချိုပါသည်။Miyazaki သရက်ကို ဂျပန်နိုင်ငံတောင်ပိုင်း ကျူရူးကျွန်းမှာ စိုက်ပျိုးပြီး ကမ္ဘာ့ဈေးအကြီးဆုံး သရက်သီးဖြစ်ပါတယ်။သူ၏အရောင်နှင့် အချိုဓာတ်မြင့်မားမှုကြောင့် နာမည်ကြီးသရက်အဖြစ်ရပ်တည်နေပါတယ်။

စိုက်ပျိုးသောနေရာသည်နေ့အလင်းရောင်ရရှိမှုမြင့်မားပြီး မိုးရေချိန်များ သောကြောင့်သရက်သီးက အရောင်လှစေတယ်လို့ ယူဆကြပါတယ်။အသီး ရင့်မှည့်ပါက သူ့အလိုလိုကြွေသောအသီးက အချိုဓာတ်မြင့်မားတာကို သတိပြုမိတဲ့ စိုက်ပျိုးသူတွေဟာ နောက်ပိုင်းမှာ အသီးကိုဇကာပိုက်အိပ် စွပ်ပေးပြီး အလိုအလျောက်ကြွေကျမှ အသီးကိုယူကြပါတယ်။

ရင့်မှည့်ပါကအနီရင့်ရောင်ရှိသည်။ ထို့ကြောင့် Miyazaki သရက်ကို “Egg of Sun” ဟုတင်စားခြင်း ဖြစ်မည်။အသီးကို အရောင်ညီမျှစေရန် အသီး၏အောက်ခြေတွင်အရောင်ပြန်စေသောခွက်ကလေးတွေ ထားပေးပြီးအသီးအရောင်ကို ညီညာလှပသော အသီးကိုရရှိစေသည်။