မီးလောင်အိမ်အတွင်း ပိတ်မိနေတဲ့ ကလေးတွေကို ကယ်ဆယ်ဖို့၊ ကိုယ့်ကိုယ်ကို စတေးခဲ့တဲ့ မိခင်ကြီး

မိခင်ဆိုတာ သားသမီးတွေနဲ့ပတ်သက်ရင် ဘေးအန္တရာယ် ကြုံလာပါက ကိုယ့်အသက်ကိုပေး ကာကွယ်ဖို့ ဝန်မလေးကြသူတွေပါ။ ကမ္ဘာမီးလောင် သားတောင် ချနင်းဆိုတဲ့ စကားဟာ မိဘတိုင်းအတွက်တော့ မှန်ကန်တဲ့ စကားမဟုတ်ပါဘူး။

တချို့အတ္တလွန်ကဲ အသိဉာဏ်နည်းလွန်းတဲ့ မိဘတွေကတော့ မွေးမွေးချင်း ကလေးတွကို စွန့်ပစ်တာတွေ၊ ကိုယ်သားသမီး ကိုယ်ပြန်ပြီး သတ်ဖြတ်တာမျိုးတွေဟာ ရှိကောင်းရှိနိုင်ပေမယ့် မိဘတွေ တော်တော်များများကတော့ ကိုယ့်ရဲ့ ကလေးတွေအတွက် အသက်စွန့်ဖို့ ဝန်မလေးကြသူတွေပါ။

အခုလည်း မလေးရှားနိုင်ငံက မိခင်တစ်ဦးဟာ မီးထဲမှာ ပိတ်မိနေတဲ့ ကလေးတွေကို ကယ်ဆယ်ဖို့ အများက တားမြစ်နေတဲ့ကြားက မီးလောင်အိမ်ထဲကို အတင်းပြေးဝင်သွားခဲ့ပါတယ်။ အဆိုပါ မိခင်ဟာ အသက်(၅၈)နှစ် ရှိနေပြီဖြစ်ပြီး၊ Hari Raya Aidilfitri ပွဲတော်နေ့မှာ နေအိမ် မီးလောင်ခံခဲ့ရတာပါ။

အဆိုပါ မိခင်ဟာ မီးလောင်ဒဏ်ရာတွေ များစွာနဲ့ ဆေးရုံအရောက်မှာ သေဆုံးခဲ့ရပါတယ်။ သတင်းမှာတော့ မီးလောင်လောင်ချင်း သူမဟာ နေအိမ်အပြင်ဘက်ကို ထွက်နိုင်ခဲ့ကြောင်း၊ နောက်မှ ကလေးတွေ အိမ်ထဲရှိနေတာကို သတိရပြီး၊ ချက်ချင်းပြေးဝင်ခဲ့တာလို့ ဆိုပါတယ်။

မီးတောက်ဟာ နွေရဲ့အပူရှိန်ကြောင့် ချက်ချင်းဆိုသလို ပိုမိုများပြားလာခဲ့တာ ဖြစ်ပါတယ်။ အခင်းဖြစ်ချိန်ကတော့ မနက်ခင်းပိုင်း မနက်စာ ပြင်ဆင်ချက်ပြုတ်ချိန်ပါ။ မိခင်ရဲ့အမည်ကတော့ Aishah Awang Jumat ဖြစ်ပြီး မီးစလောင်တာနဲ့ သူမရဲ့ ခင်ပွန်းကလည်း အခန်းထဲကနေ ကပြာကယာ ပြေးထွက်ပြီး မီးကို ငြိမ်းဖို့ ကြိုးစားခဲ့ပါတယ်။

ခင်ပွန်းကလည်း မီးတောက် ကြီးလာချိန်မှာ သားတွေကို ကယ်တင်ဖို့ ကြိုးစားခဲ့ပါတယ်။ မိခင်နဲ့အတူ သေဆုံးခဲ့တဲ့ သားတွေအမည်တွေကတော့ Dzulkarnain Othman (၃၄)နှစ်၊ Dzulnisham (၂၇)နှစ်၊ Rozaini (၂၆)နှစ်နဲ့ Rosdi တို့ ဖြစ်ပါတယ်။ မီးလောင်မှုကြောင့် မိခင် Aishah နဲ့ သား(၄)ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။

မီးလောင်မှုမှ အသက်ရှင်ကျန်ရစ်သူတွေကတော့ Kampung Binsuluk, Membakut မှာဖြစ်ခဲ့တာပါ။ အိမ်ထဲမှာ ခင်ပွန်း Othman Ali (၆၄)နှစ်၊ ချွေးမ Awrita Saidul (၂၇)နှစ်နဲ့ သားနှစ်ဦးဖြစ်တဲ့ Zulkifli Othman (၂၉)နှစ်နဲ့ Dzulaika Othman (၂၅)နှစ်တို့ ကျန်ရစ်ခဲ့ပါတယ်။

လင်းဇော်ကို D Nae Khit)