(၄၁)နှစ်ပိုငယ်တဲ့ မွေးစားသား နုနုထွတ်ထွတ်လေးနဲ့ လက်ထပ်ပွဲဆင်နွှဲခဲ့တဲ့ (၆၅)နှစ်အဖွားအို

လက်ရှိအချိန်မှာ (၆၅)နှစ်အရွယ်ကို ရောက်နေပြီဖြစ်တဲ့ အဖွားအိုတစ်ယောက်ဟာ သူမရဲ့ မွေးစားသားနဲ့ ပြန်ပြီး လက်ထပ်ပွဲဆင်နွှဲခဲ့ကြောင်း သိရပါတယ်။ အဆိုပါကောင်လေးမှာ အသက်(၂၄)နှစ်သာ ရှိသေးပြီး၊ အဖွားထက် (၄၁)နှစ် ပိုငယ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ၊ တောင်ဆူမားတြားမှာ ဒီလက်ပွဲဟာ အတော်လေးကို လူပြောသူပြော ဖြစ်ခဲ့ပါတယ်။

အဖွားနာမည်ကတော့ Mbah Gambreng ဖြစ်ပြီး၊ အသစ်စက်စက် သတို့သားနာမည်ကတော့ Ardi Waras ဖြစ်ပါတယ်။ ထူးခြားတာက Ardi ဟာ လွန်ခဲ့တဲ့နှစ်ကမှ Mbah ရဲ့ မွေးစားခြင်းကို ခံခဲ့ရတာပါ။ သူ့ကို အမွေးစားအမွေခံ ပေးမယ်ဆိုပြီး မွေးစားခဲ့ရာက တစ်နှစ်အကြာမှာ Mbah ကို လက်ထပ်ဖို့ Ardi က ခွင့်တောင်းခဲ့တာပါတဲ့။

Mbah မှာ တခြားမွေးစားသမီး (၃)ယောက်လည်း ရှိနေပြီး၊ သူမအနေနဲ့ Ardi ကို အခုလို လက်ထပ်ဖြစ်လိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူးလို့ ဆိုပါတယ်။ သူမက Ardi ကို တခြားမျိုးနွယ်တူ အမျိုးသမီးငယ်တစ်ဦးနဲ့ လက်ထပ်နေရာချထားဖို့ တိုက်တွန်းရာမှ Ardi က သူမကို မထင်မှတ်ထားဘဲ လက်ထပ်ခွင့် တောင်းခဲ့တာလို့ ဆိုပါတယ်။

ထုံးစံအတိုင်း လက်ထပ်ပွဲမှာ သတို့သားဘက်က ခန်းဝင်ပစ္စည်း တစ်စုံတရာ ပါဝင်ရတဲ့အတွက် Ardi က (၆)ပေါင် တန်ကြေးသာရှိတဲ့ IDR (၁)သိန်း ခန်းဝင်ဖိုးအတွက် တင်သခဲ့တယ်လို့ ဆိုပါတယ်။ အလွန်နည်းပါးတဲ့ပမာဏဆိုပေမယ့် အသက်ကြီးမှ ကံပေါ်တဲ့ သတို့သမီးအသစ်စက်စက်အတွက်တော့ ဒါဟာ အလွန်ကျေနပ်စရာ ကောင်းတဲ့ အနေအထားပါ။

တချို့ကလည်း Ardi ကို သိုက်တူးချင်လို့ ဂွင်ဆင်တာဖြစ်ကြောင်း ကွယ်ရာမှာ ဆိုနေကြပါတယ်။ တခြားမှတ်ချက်ရေးသူတစ်ဦးကတော့ Ardi အနေနဲ့ ပေးစားမယ်ဆိုတဲ့ ကောင်မလေးကို ငြင်းပယ်ပြီး Abah ကို လက်ထပ်ခဲ့ခြင်းမှာ တကယ်ချစ်လို့ ဖြစ်နိုင်ကြောင်း ထောက်ခံအားပေးခဲ့ပါတယ်။ အင်ဒိုမှာ ဒီလို အဖြစ်အပျက်တွေဟာ သိပ်တော့မဆန်းပါဘူး။

ဘာသာပြန်-လင်းဇော်ကို
ဒသဂီရိ Entertainment